တံတားဦးမြို့နယ်တွင် ဝါသီးနှံရာသီကုန်တွင် ကျေးရွာအုပ်စု (၁၅) အုပ်စုမှ (၁၄၃၀) ဧက စိုက်ပျိုး

တံတားဦး ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝါသီးနှံရာသီကုန်တွင် ကျေးရွာအုပ်စု (၁၅) အုပ်စုမှ (၁၄၃၀) ဧက စိုက်ပျိုးကြောင်း သိရသည်။

အဆိုပါသီးနှံအား လျာထားဧကပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေးပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး ကျေးရွာများအရောက် ကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံကာ ပညာပျိုးရေး လုပ်ငန်းအသိပညာပေးဟောပြောခြင်း၊ ဝါသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော တောင် (၈)၊ ငွေချည် (၆)၊ ငွေချည် (၉)၊ ချည်မျှင်ဝါ (B-31) ဝါမျိုးများ အဓိကထား စိုက်ပျိုးကြပြီး  အပင်မကြပ်စေရန်နှင့် မျိုးစေ့သက်သာစေရန်  စိုက်ကျင်းတစ်ကျင်းလျှင် မျိုးသန့်ဝါစေ့ (၃) စေ့ထက် မပိုဘဲ တစ်ဥ သတ်မှတ်အပင်ဦးရေ ပြည့်မီစေရန် စိုက်တန်း၊ စိုက်ကျင်းများကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၁၉) ရက်ခန့်အချိန်တွင် သန်မာသောဝါပင် (၂) ပင်သာချန်ထားကာ သားခွဲနုတ်ပယ်ခြင်းများ ဆောင်ရွက်နိုင်ပြီး အပင်နှင့်အသီးများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် နွားချေးကို နွားလှည်း (၁၀) စီးနှင့် ကွန်ပေါင်းမြေဩဇာ တစ်အိတ်အား မြေခံအဖြစ် မြေပြုပြင်ပြီး အပိန့်ဝင်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် အပင်ခြေခနှင့် (၇) လက်မခန့်အကွာတွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယားအိတ်ဝက်ရော၍ ဖြူးပေးရကြောင်း လိုအပ်သောအချိန်များတွင် မြောင်းရှင်းခြင်း မြေဆွခြင်းနှင့် စုပ်ပိုး၊ ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ပိုး စသည့် ကာကွယ်ဆေးများနှင့် အခြားပိုးသတ်ဆေးများလည်း လိုအပ်သလို ဆောင်ရွက်ပါက ဝါတစ်ဧက ပိဿာချိန် (၁၀၀၀) နှုန်းကျော် ထွက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ထောက်ရစ်၊ ပန်းယျ၊ ကားအင်း၊ ဇီးချောင်း၊ ပြူကန်၊ ငငါးဇင်ရိုင်း၊ ချောင်းခွ၊ ရေခါး၊ အိမ်ကန်၊ နွားခြံကြီးကုန်း၊ သ်န္နီကန်၊ စပါးတွင်း၊ သင်းတိမ်း၊ မြိုင်သာ၊ နွားတော်ကုန်း စုစုပေါင်းကျေးရွာအုပ်စု (၁၅) စုမှ ဝါသီးနှံရာသီကုန် (၁၄၃၀) ဧက အမှန်တကယ် စိုက်ပျိုးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ရဲတင့်(ပြန်/ဆက်