ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပျဉ်းမနား ဇန်နဝါရီ ၁၁

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် စာရေးဆရာ သဘာဝက လူငယ်တို့၏ အခွင့်အရေးများပတ်သက်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောဆွေးနွေးသည်။

ယင်းနောက် ဟောပြောပွဲအခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် လူငယ်အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် စာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာကြပြီး ပြည်သူ့စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များခင်းကျင်းထားမှုနှင့် Mini Museum အတွင်း ခင်းကျင်းပြသထားသည့်ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)