ကျောက်တန်း ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တော်ကြီး၌ (ဒဿမ) အကြိမ်မြောက် ဆင်ယင်ကျင်းပအပ်သော(၅၇)ကြိမ်မြောက် ရန်ကုန်တောင်ပိုင်း (၉) မြို့နယ် "သုဓမ္မာနိကာယဝိနည်း" စာပြန်ပွဲတော်ပွဲတွင် ဖြေဆိုသောမူကြသော သံဃာတော်အရှင်မြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။
ဆွမ်းဆန်စိမ်းအလှူခံကြွရောက်မူသော သံဃာတော်အရှင်မြတ်များသည် ရွှေမှော်၀န်းသာသနာ့ဗိမာန်မှစပြီး မင်းကျောင်းလမ်း၊ ရေလယ်ဘုရားလမ်း ၊မကျီးတန်းလမ်း၊ လမ်းမတော်လမ်းတလျှောက်ကြွရောက်သဖြင့် ရပ်ကွပ်နေပြည်များမှာ ဆွန်းဆန်များ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်အပါး (၄၀၀) ကြွရောက်ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)