ကျိုက်မရောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ကျိုက်မရော ဇန်နဝါရီ ၁၁

ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ​ခြေခံပညာမူလတန်းကျောင်း ကလိုင်းကနိုင်အပေါ်ရွာ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိူမြတ်မြတ်ထွေးက ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်၊ စာပေများကိုလေ့လာဖတ်ရှုမှတ်သားကြစေရန်၊ တိုးတက်ပြောင်းလည်းလာသော ခေတ်နှင့်အညီကလေးငယ်များအား လူမှုဘဝဖွံ့ဖြိုးရေးအတွက် ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဟောပြောပွဲ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာများကို ပညာပေးဟောပြောခဲ့သည်။

ယင်းနောက် အ မ.က(ကလိုင်းကနိုင်)အပေါ်ရွာကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းအေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြပုံပြင်များပြောခြင်း၊ စာအုပ်များ ဖတ်ရှုစေခြင်းတို့ကိုပြုလုပ်ပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာပေများ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာစေခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)