ကြည့်မြင်တိုင် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ပါသည်။
ဦးစွာ ကြည့်မြင်တိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးညီညီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ဆုရကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။
ယင်းနောက် အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။
ရည်ရည်မွန်(ပြန်/ဆက်)