ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စုံညီပွဲတော်ကျင်းပ

ပင်လောင်း ဇန်နဝါရီ ၁၁ 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ စုံညီပွဲတော်အား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အမှာစကားပြောကြားပြီး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးစိုင်းနော်ခမ်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းပိုခမ်းတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားလုပ်ငန်းများ ပြောကြားကြသည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိန်လှမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းတက်မှန်ဆု ရရှိသည့် ဆရာ/ဆရာမများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း၊ ယင်းနောက် စုံညီပွဲတော် ဒုတိယပိုင်းအစီအစဉ်တွင် ကျောင်းသား/ကျောင်းသူများ၏ အကပ‌ဒေသာများဖြင့် ဆက်လက်ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်