ကွမ်းခြံကုန်း ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ထူးချွန်းဆုပေးပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က သီရိတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက အမှာစကားပြောကြားခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် ဆို၊ က၊ ရေး၊ တီးတိုင်းဒေသကြီးအဆင့် ဆုများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆုများ၊ မြို့နယ်အဆင့်လူရည်ချွန်ဆုများ၊ စာစီစာကုံးဆုများ၊ အားကစားဆုများ၊ တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံဆုများနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းအဖြစ် တိုင်းဒေသကြီးအဆင့် စကာတင်ရွေးချယ်ခံရသော ကျောင်းဆု၊ ကျောင်းအုပ်ဆရာမကြီး(၇)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၈၅)ဦးအား တက်ရောက်လာကြသော တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက အဆို၊ အကများဖြင့် အသီးသီးဖျော်ဖြေပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းသားမိဘများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)