တန့်ယန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပရခြင်းအကြောင်းအား အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)