မိုင်းဖြတ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ပူးပေါင်းဆောင်ရွက်သည့် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက စျေးဆိုင်ခန်းများအတွင်း မီးသတ်ဆေးဘူးများ၊ မီတာခလုတ်များ၊ မီးအသုံးပြုသည့် စျေးဆိုင်များကို စနစ်တကျသုံးစွဲမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းမှူး မောင်မောင်ရွှေနှင့် ဝန်ထမ်းများက မီးသတ်ဆေးဘူး စနစ်တကျအသုံးပြု၍ မီးငြှိမ်းသတ်ပုံ၊ ရေဖြင့် မီးငြှိမ်းသတ်ပုံများကို လက်တွေ့ပြသခဲ့ပြီး စျေးသူ၊ စျေးသားများအား လက်တွေ့ပါဝင်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)