လဲချားမြို့နယ်တွင် တစ်ကွင်းတစ်စပ်တည်း ကြက်သွန်ဖြူဧက (၅၀)စံပြစိုက်ခင်း  ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ ဆောင်ရွက်

လဲချား ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် တစ်ကွင်းတစ်စပ်တည်း ကြက်သွန်ဖြူဧက(၅၀)စံပြစိုက်ခင်း ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(ခန်းမ)တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းသန်းစိန်က ဓာတ်မြေသြဇာများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက တောင်သူ(၁၅)ဦးအား တစ်ကွင်းတစ်စပ်တည်း ကြက်သွန်ဖြူဧက(၅၀)စံပြ စိုက်ခင်းအတွက် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)