တန့်ယန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ လူရည်ချွန်ရွေးချယ်ပြိုင်ပွဲမှ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကို ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းက မြို့နယ်အားကစားကွင်းကြီး၌ စစ်ဆေးယှဉ်ပြိုင်ကြသည်။
အဆိုပါ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲများကို ခရိုင်ပညာရေးဌာနမှ တာဝန်ရှိသူများကကြီးကြပ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များကို ရေးဖြေနှင့် လူတွေ့နှုတ်ဖြေတို့ကိုဖြေဆိုခဲ့ကြပြီး ယနေ့နံနက်ပိုင်းက မီတာ(၁၀၀) ကျား/မ၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျား ခုန်၊ အိပ်ထမတင်၊ မီတာ(၈၀၀)ကျား၊ မီတာ(၄၀၀) မ ပြိုင်ပွဲများကို ကျင်းပရွေးချယ်ရာ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့မှ ဒွါဒသမတန်း၌ (၂) ဦး၊ ဧကာဒသမတန်း၌ (၄) ဦး၊ ဒသမတန်း၌ (၄) ဦး၊ နဝမတန်း၌ (၄) ဦး၊ စုစုပေါင်း (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)