ကာလိ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျိုင်းလွန်း၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် Grade – 9 ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါတယ်စုံညီပွဲတော်သီချင်း” ဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းကလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိုးစိုးဝင်းက လည်းကောင်း၊ ကာလိမြု့ မြို့မိမြို့ဖ ဆရာကျော်ကလည်ကောင်း အသီးသီးအမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းအကျိုးတော်ဆောင် ဦးဝါလိတ်တနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ရွှေဝင်းတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်၊
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး Grade-5 ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)