ဟိုပုံး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွငရဒေသ၊ ဟိုပုံးမြို့နယ်၌ တပ်မတော်အင်ဂျင်နီယာသင်တန်းအမှတ်စဉ် (၂၂)ကို ယနေ့ နံနက် (၈) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်လင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ ကျောင်းဆင်းသင်တန်းသားမိသားစုဝင်များနှင့် ဧည့်ပရိတ်သတ်များတက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးပြီး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်း ဆင်းမိန့်ခွန်းပြောကြားကာ သင်တန်းဆင်းတပ်ခွဲက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြ ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)