မူဆယ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
ဦးစွာ ကျောင်းသား/သူများက “ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း” သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အမှားစကားပြောကြားသည်။ ဆက်လက်ပြီးခရိုင်ပညာရေးမှူး ဦးအောင်ကိုက စုံညီပွဲတော် ဂုဏ်ပြုအားပေးစကားပြေားကြားသည်။ ထို့ပြင် စုံညီပွဲတော်၌ စာပေဆုရ ကျောင်းသား /သူများ၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရကျောင်းသား/သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ အတန်းအလိုက် ထူးချွန်ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။ စုံညီပွဲတော်၌ ကျောင်းသား/သူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ အထက်တန်းပြ ဆရာ/ဆရာမများက တအာင်းရိုးရာအက၊ တိုင်းရင်းသားရိုးရာအက ပဒေသာဖြင့်ကပြဖျော်ဖြေခြင်းစသည့် ပျော်ပွဲရွှင်ပွဲများနှင့် ကျောင်းသား /သူများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ ပျော်ရွှင်စွာ အားဖြည့်ပါဝင်ကြကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)