ချမ်းမြသာစည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြန်မာနိုင်ငံကြက်ခြေအသင်းမှ မီးဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် လိုအပ်သောပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးဌေးအောင်၊ ဒုမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခင်စန်းသွင်နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အိမ်ထောင်စု(၃)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသောမိသားစုသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုပေးအပ်ခဲ့ရာ မီးဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့