ကျောက်တန်း ဇန်နဝါရီလ ၁၀
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တော်ကြီး၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က (ဒဿမ) အကြိမ်မြောက် ဆင်ယင်ကျင်းပအပ်သော(၅၇)ကြိမ်မြောက် ရန်ကုန်တောင်ပိုင်း (၉) မြို့နယ် "သုဓမ္မာနိကာယဝိနည်း" စာပြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါသုဓမ္မာနိကာယဝနည်းစာပြန်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်၊ ဘဒ္ဒန္တသုန္ဒရ (အဘိဓဇအဂ္ဂမဟာသဓမ္မဇောတိက) နိုင်ငံတော်သြဝါဒါစရိယကန်မြောင်ကျေးရွာအုပ်စုအရှေ့ ကျောင်းတိုက်ကြီးဦးစီးပဓာန နာယက၊ ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇတိုင်းသံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်၊ ကျောက်တန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဌနှင့် အဖွဲ့ဝင် ဆရာတော်များ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်တို့မှ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသုဓမ္မာနိကာယဝနည်းစာပြန်ပွဲသို့ ရန်ကုန်တောင်ပိုင်း (၉) မြို့နယ်မှ သံဃာ(၁၂၀)ပါးကြွရောက်စာပြန်တော်မူကြမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်နှင့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီး တိုင်းသံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့်တကွ ကြွရောက်တော်မူကြသော ဆရာတော်များနှင့် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ခရိုင်စီမံအဖွဲဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ တပည့်ဒါယိကာဒါယိကာမများ ဌာနဆိုင်ရာကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်တော်များ တက်ရောက်ခဲ့သည်။ အဆိုပါသုဓမ္မာနိကာယဝနည်းစာပြန်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်နေ့ထိကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)