မက်မန်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနအတွက် အသံချဲ့စက်နှင့်စက်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းက အသံချဲ့စက်နှင့် စက်ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများမှ လှူဒါန်းသည့် အသံချဲ့စက်နှင့် စက်ပစ္စည်း တစ်စုံကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် ဌာနဆိုင်ရာများက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်းများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အသံချဲ့စက်နှင့်စက်ပစ္စည်းများကို “မက်မန်းမြို့နေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း” မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
အေဇက်ထွန်း(မက်မန်း)