မိုင်းခုတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး၊ အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)အုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော စတုတ္ထတန်းမှ KG တန်းအထိ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး၊ အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)အုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)