မှော်ဘီ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် အထက်စုမြစ်ရေတင်စီမံကိန်း နွေစပါးတစ်ဆက်တစ်စပ်တည်း(၁၀၀)ဧကစံပြစိုက်ကွက်နှင့် အောင်မျိုးစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့အားပေးခြင်းကို ယနေ့နံနက် ၉ နာရီက မှော်ဘီမြို့နယ် မြစ်ကျိုးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ အဖွဲ့(၁)ဗိုလ်မှူး ပြည့်စုံကျော်၊ အဖွဲ့ဝင်(၂) ဦးဝင်းစိုး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးထွန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်ကျော်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ငုဝါကျော်၊ မြို့နယ်မြစ်ရေတင်တာဝန်ခံ ဦးစန်းအောင်ထွန်းတို့က တကွင်းတဆက်တည်း နွေစပါး စံပြစိုက်ကွက် ဧက(၁၀၀) စိုက်ခင်းအား အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်ခြင်းလုပ်ငန်းများ၊ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါး လက်တွေ့စိုက်ပျိုးခြင်းလုပ်ငန်းများ၊ မျိုးစပါးအချိန်မှီရရှိရေးလုပ်ငန်းများ၊ အောင်ရေရရှိရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကိရိယာနှင့် ပံ့ပိုးပစ္စည်းဓာတ်မြေဩဇာရရှိရေးကိစ္စများကို ဧက(၁၀၀)စိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)