အလုံ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ ကျောင်းသား(၁၀၈)ဦးအား အာဟာရကျွေးမွေးခြင်း၊ အာဟာရ(၃)အုပ်စုအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းအား သရုပ်ပြဟောပြောခြင်းနှင့် အဏုအာဟာရမှုန့်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)