အလုံ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်ပူးပေါင်းအဖွဲ့က ယမန်နေ့နံနက် ၁၀နာရီက စားသောက်ဆိုင်များ၏ စင်တင်တေးဂီတလုပ်ငန်းလိုင်စင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င်(၁) ဗိုလ်မှူးဌေးကြွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဖြိုးကျော်တို့ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် The Strip Yangon စားသောက်ဆိုင်မှ စင်တင်တေးဂီတလုပ်ငန်းလိုင်စင် Unplugged (သက်တမ်းတိုး) လျှောက်ထားလာခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)