သာကေတမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေးအသိပညာ​ပေးနယ်လှည့်ကွင်းဆင်း​ဆောင်ရွက်

သာကေတ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊​ သွေးလွန်တုပ်ကွေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပ​ပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီအချိန်က သာကေတမြို့နယ်အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းနှင့် ယမန်​​နေ့​နေလယ်(၁၂)နာရီအချိန်က အမှတ်(၃၇)အ​ခြေခံပညာမူလတန်း​​ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ အငယ်တန်းစာ​ရေးဒေါ်နွယ်နီဦးက စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းအသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကိုပြန်လည်မေးမြန်းခြင်း၊ အသိပညာ​ပေးနံရံကပ်စာစောင်များကိုကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျသွားရောက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇာဇာချစ်ဦး(ပြန်/ဆက်)