ကလော ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက စာကြည့်တိုက်ဆောက်လုပ်ရန် မြေသန့်ပရိတ်ရွတ်ခြင်းနှင့် ပန္နက်ရိုက်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟဲဟိုးမြို့ စာကြည့်တိုက်တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် စာကြည့်တိုက်မြေနေရာ (ပေ၄၀xပေ၁၂၀)တို့အား မြို့အုပ်ချုပ်ရေးမှူးဦးဇော်မိုးနှင့် မြို့အဆင့်ဌာနဆိုင်ရာများက သံဃာတော်(၅)ပါးဖြင့် မြေသန့်ပရိတ်ရွတ်တရားတော်နာယူ၍ စာကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)