ပုသိမ်ကြီး ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က ပုသိမ်ကြီးကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်က ပညာရေး စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းများနှင့် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အခမ်းအနားအား ပြည်မြန်မာသီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့ပြီး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)