ခိုလမ်မြို့၊ အခြေခံပညာမူလတန်း‌(နောင်ပိန်)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ခိုလမ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ကျင်းပခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျောင်းသား/ သူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် စတင်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ကျောင်းသား/သူများမှ အကပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)