လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာတွင် နွေစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပ

လှည်းကူး ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဒါးပိန်​​မြောက်ကျေးရွာ ကွင်းအမှတ် (၁၀၇၉-A)၊ ဦးပိုင်အမှတ်၊ အမှတ်(၃) လယ်မြေ(၁၀.၃၅)ဧက၊ တောင်သူ ဒေါ်သိင်္ဂီလင်း လယ်မြေပေါ်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါနွေစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်က မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့် နည်းစနစ်များကို တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေးသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်မြေ(၁၀.၃၅)ဧကပေါ်တွင်(ရက်- ၉၀မျိုး) နွေစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြ စိုက်ပျိုးပြသပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)