လှိုင် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညိုထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းကျော်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ မို့ (သဲကုန်း) က “ကျွန်မဘဝရဲ့Role Modelများ"ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက မိမိတို့စိတ်ကြိုက်ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များအား တက်ရောက်လာကြသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)