ခိုလမ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မြို့မြေတိုင်းတာမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ဆောင်ရွက်ခြင်းကို ယနေနံနက်(၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မြေစာရင်းဦးစီးဌာန၊ မြို့ဦးစီးဌာနမှူး ဦးဇော်နိုင်ဝင်းနှင့် မြို့စည်ပင်သာယာရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်မင်းထွန်းတို့မှ မြို့မြေစာရင်းဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်တွင် မြို့မြေတိုင်းတာမှု ခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)