မိတ္ထီလာ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံခရိုင်များမှ ရွှေလုပ်ငန်းရှင်များအား ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံခရိုင်များမှ ရွှေလုပ်ငန်းရှင်များအား ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များဖြစ်သည့် ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များအကြောင်း၊ လုပ်ငန်းလိုင်စင်ရရှိသူများ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့် ကနဦးစိစစ်ရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးခြင်းနှင့် အရေးယူခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေက ရွှေအရည်အသွေးသတ်မှတ်ချက်များ၊ ရွှေအလေးချိန်သတ်မှတ်ချက်များ၊ စံချိန်မီရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်လွှာ ပုံစံ(၁)နှင့် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့် ရွှေကြမ်းဖြင့် ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်း ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ လျှောက်ထားမှုနာပုံစံ(၂)နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်မျိုးသက်က ဓာတ်တ္ထုတု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားရေးနှင့် ပတ်သက်၍ အခွန်ပေးဆောင်ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် အခမ်းအနားသို့ တက်ရောက်လာသော မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံခရိုင်များမှ ရွှေလုပ်ငန်းရှင်များက သိလိုသည်များကိုမေးမြန်းရာ တိုင်းဒေသကြီး ဓာတ်သတ္ထု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်များမှာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံခရိုင်များမှ ရွှေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)