ပုဗ္ဗသီရိ ဇန်နဝါရီ ၁၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန် ဖြုတ်ကုန်းကျေးရွာကျောင်းသို့ သွားရောက်၍ ခိုင်ခိုင်မြဲ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀) ပေ(၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုနှင့် အခြေခံပညာမူလတန်းလွန် သုခဒီပကျောင်းသို့ ဟိန်းတောက်ကြယ် ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀)ပေ (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများအတွက် တာဝန်ယူဆောင်ရွက်သော ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အရည်အသွေးပိုင်းဆိုင်ရာများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည်များ ပြုပြင်ပေးရန် မှာကြားခဲ့သည်။
ဆက်လက်၍ ရပ်မိ/ရပ်ဖများမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ်ငန်းလိုအပ်ချက်များအား အသီးသီးရှင်းလင်း တင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
နန်းရွှေရတီ (ပြန်/ဆက်)