မြောက်ဥက္ကလာပ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမွန်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်လတ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးကူညီပံ့ပိုးကူညီပေးကြသော အလှူရှင်များအား မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်လတ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကျောင်းတက်ရက်မှန်ဆု ရရှိသည့် ဆရာမများ၊ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတွင် ဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက အသီးသီးဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ သူများ၊ ကျောင်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ်စွမ်းရည်ပြိုင်ပွဲ၊ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသည့် ကျောင်းသား/သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-8 အတန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမွန်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည်သည်တော်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)