လှိုင် ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးညိုထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်စာစောင်များ ဖတ်ရှုသင့်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုမှ ဗဟုသုတတိုးပွားမည်ဖြစ်ပြီး တိုင်းပြည်အတွက် လူရည်ချွန်များပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား မူလတန်းပြဆရာမက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်၊၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များအား ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ညိုထွန်း (ပြန်/ဆက်)