မရမ်းကုန်းမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မရမ်းကုန်း ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အတွင်း ဌာနဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်ထွဋ်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဟန်ထွန်းဇော်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ အသီးသီးအား လုံခြုံရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဝေယံ (မရမ်းကုန်း)

မြို့နယ် (ပြန်/ဆက်)