ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေး

ပူတာအို ဇန်နဝါရီ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဘက်စုံထူးချွန်ထက်မြက်သော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာနိုင်ရေးအတွက် ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်နှင့်နည်းပြဆရာ ဆရာမများက ခရိုင်အဆင့်လူရည် ချွန်ရွှေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှု စစ်ဆေးရာတွင် စံချိန်ဖြင့်ဆုံးဖြတ် ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် ကိုယ်ကာယလုပ်ဆောင်ရမည့် နည်းများအလိုက် လက်တွေ့ ရှင်းလင်းပြသသည်။

အဆိုပါ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရာတွင် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်းမြို့နယ်များမှ Grade-9 ကျား(၃)ဉီး၊ မ(၃)ဉီး၊ Grade-10 ကျား(၃)ဉီး၊ မ(၃)ဉီး၊ Grade-11 ကျား(၂)ဉီး၊ မ(၂)ဉီး၊ Grade-12 ကျား(၁)ဉီး၊ မ(၁)ဉီး စုစုပေါင်း(၁၈)ဉီးတို့အား (ကျား၊ မ) မီတာ(၁၀၀) အပြေး၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊(ကျား) မီတာ(၈၀၀) အပြေး၊ (မ) မီတာ(၄၀၀)အပြေးပြိုင်နည်းများကို စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်