ပေါင် ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တီဘီရောဂါရှာဖွေခြင်းကို ယနေ့နံနက်ပိုင်းက သဲအိမ်ကျေးရွာတိုက်နယ်ဆေးရုံ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာထက်သူခိုင်၏ဦးဆောင်မှုဖြင့် ပေါင်မြို့နယ်တီဘီရောဂါဌာနမှ ပေါင်မြို့နယ်အတွင်းရှိ သဗြုချောင်ဆေးပေးခန်း၊ ဇင်းကျိုက်ဆေးပေးခန်း၊ သဲအိမ်တိုက်နယ်ဆေးရုံ၊ အီဗြစ်ဆေးပေးခန်း၊ နတ်ကြီးချောင်ဆေးပေးခန်းသို့ နေ့စဉ်သွားရောက်၍ရောဂါရှာဖွေရေး၊ ဓာတ်မှန်ရိုက်ပေးခြင်း ကုသမှုများဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ပေါင်မြို့နယ်သည် ရေခံမြေခံကောင်းမွန်သည့်အတွက် ဒေသတွင်းပြည်သူများ စီးပွားရေးအပြင် ကျန်းမာရေးအဆင်ပြေစေရန်ရည်ရွယ်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)