ပျော်ဘွယ်မြို့၊ အ.ထ.က-ခွဲ(ရွာသာ)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၉

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရွာသာ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြတ်စုထွန်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဟောပြောသည့်အချက်များကို လေ့လာမှတ်သားတတ်စေရေးကို ဆွေးနွေးမှာကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်းနှင့် ရွေးချယ်ဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန်ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)