တောင်သာမြို့နယ် တောင်သာအခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

တောင်သာ ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က တောင်သာအခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို ကြိုဆိုပါသည် စုံညီပွဲတော်သိချင်းဖြင့် သီဆိုဖွင့်လှစ်ခဲသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်နိုင်က ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမများ တွဲလက်ညီစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပညာရေးကဏ္ဍမြင့်တင်ရခြင်း ကျောင်း၏ဂုဏ်ဆောင် ထူးချွန်ကျောင်းသား/ကျောင်းသူများ ထပ်မံထွက်ပေါ်လာစေရေးအကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တောင်သာအခြေခံပညာအထက်တန်းကျောင်းမှ ခရိုင်အဆင့်လူရည်ချွန်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသောကျောင်းသား/ကျောင်းသူများ၊နေ့ထူးနေ့မြတ်များ၏ ကဗျာ၊ စာစီစာကုံး ဆုရကျောင်းသား/ကျောင်းသူများ၊ ကိုယ်ကာယအားကစား​ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုမျးချီးမြင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)