မြင်းခြံမြို့ အ.ထ.က(၁)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၉

မြင်းခြံမြို့ အ.ထ.က(၁)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ဧရာဝတီခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသူ၊ ကျောင်းသားများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွင်း ပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုများကို မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူများက “နောင်အင်းလေး”၊ “လွှတ်တော်ရုန်းတော်”၊ “‌တောင်ယာဝင်ချိန်”၊ “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် အသီးသီးဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။         

ကျော်စွာ(မြင်းခြံ)