နေပြည်တော် ဇန်နဝါရီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာသို့ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးသွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ရာဇာဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းပြီး ပေါက်တောကျေးရွာရှိ အိမ်ထောင်စု ၅၆၂ စု၊ အိမ်ခြေ ၅၂၀ လုံးအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ လျှပ်စစ်မီးနှင့် အခြားသောမီးများ သုံးစွဲရာတွင် စနစ်တကျအသုံးပြုကြရန်နှင့် မီးဘေးနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား အကြံပေးပြောကြားခြင်း၊ မီးသတ်အရေးပေါ် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)