စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

စမ်းချောင်း ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲများ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်‌‌ကျော်က ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိ‌စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)