ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ခိုလမ် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)ကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်မှ မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်ရရှိနိုင်မည့် ကျန်းမာရေးဆိုးကျိုးများကို   ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုတုတရရှိစေရန် ပြသခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)