သံဖြူဇရပ် ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက (မူလွန်) ကြံ့ခိုင်ရေးကျောင်း၌ ဆောင်ရွက်သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကို ကြိုးစားသင်ယူရင်း အားလပ်ချိန်၌ အကျိုးရှိစွာ အသုံးချတတ်စေရန် ကျောင်းစာကြည့်တိုက်တွင် ဗဟုသုတတိုးပွားရေးပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အသိပညာပေးဟောပြောပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဗဟုသုတရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)