မိုးနဲမြို့နယ်၌ ဆီထွက်သီနှံ ဆောင်းနေကြာရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိုးနဲ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆိုက်ဖယ်ရွာသစ်တွင် စိုက်ပျိုးထားသော တောင်သူ ဦးကျော်လတ်၏ ဆီထွက်သီးနှံ ဆောင်နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်း သုံးဧကနေရာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ‌ ဆောင်းနေကြာ သီးနှံရိတ်သိမ်းခြွေလှေ့နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအာကာဖြိုး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးစိုင်းအောင်းသင်း၊ မြို့နယ် သ/မ ဦးစီးမှူး ဦးအောင်လွင်ရိတ်သိမ်း‌ ခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး သီးနှံများ အမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေး မှာကြားခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အနေဖြင့် ယခုနှစ် ဆောင်သီနှံနေကြာကို မြို့နယ်အတွင်း ၁၂၂ ဧကကျော် စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)