ကျောက်ဆည်မြို့တွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး Campaign ပြုလုပ်

ကျောက်ဆည် ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စွန့်ပစ်ပစ္စည်းများနှင့် တစ်ခါသုံးပလတ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေး Campaign ကို ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းရှိ ကြက်မင်းတွန်မီးပွိုင့်နှင့် မြို့မဈေးကြီးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှိုက်စနစ်တကျစွန့်ပစ်ရေး Campaigm ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်လင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ မြို့မဈေးအတွင်း ဈေးသူ၊ဈေးသားများနှင့် ကြက်မင်းတွန်မီးပွိုင့်တွင် ခရီးသွားပြည်သူများအား ပလတ်စတစ်ညစ်ညမ်းမှု၊ ကြွပ်ကြွပ်အိတ်လျော့ချရမည့် နည်းလမ်းငါးသွယ်၊ ပလတ်စတစ်အသုံးပြုမှု၏ဆိုးကျိုးများ အမှိုက်စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စတေကာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်(ပြန်/ဆက်)