ရန်ကင်း ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် ၁၁ ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)ရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပသည်။
သရုပ်ပွဲတွင် ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထိန်လင်းက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်၊ မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း၊ မတော်တဆဆီမီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ပြသခဲ့ရာ အဆိုပါဌာနခွဲအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းအင်အား စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်) ရှိ ဌာနခွဲ၌ မီးသတ်ဆေးဘူးတပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်ထားရှိမှုအခြေအနေများကို လည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)