အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ဈေးများတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ နံ့သာကုန်းဈေးနှင့် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ ဆယ်မိုင်ကုန်းဈေးတိုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ဈေးတာဝန်ခံများနှင့် ဈေးသူ၊ ဈေးသားများအား ဂတ်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား Bar ပိတ်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အောက်စီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းမီးလောင်မှုအား ဖုံးအုပ်ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)