တိုက်ကြီး ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပကြောင်းသိရသည်။
ဦးစွာ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဟောပြောပွဲသို့ တက်ရောက်လာသူများအား မီးသတ်ဆေးဗူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တပညာသာရထံသို့ မီးသတ်ဆေးဘူးများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲသို့ ဆရာတော်၊ သံဃာတော်များ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား ၃၅၀ ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)