ပုဗ္ဗသီရိ ဇန်နဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပရာ Naypyitaw State Polytechnic University ၏ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ စိုက်ပျိုးရေး အင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ၊ ဗိသုကာ၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်း ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ Naypyitaw State Polytechnic University ၏ ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ၏ ကိုယ်စား ကျောင်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် Naypyitaw State Polytechnic University ကျောင်းသား ကျောင်းသူများက “သင်္ကြန်မိုး” တေးသီချင်းဖြင့် ဖွင့်လှစ်ကပြဖျော်ဖြေကာ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)