ဆောင်းသီးနှံအောင်မြင်ဖြစ်ထွန်းနေမှုများ၊ နေကြာမျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံကွင်းဆင်း

ပျဉ်းမနား ဇန်နဝါရီ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ရုံးချုပ်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး၊ နေပြည်တော် ဒု-တိုင်းဦးစီးမှူးတို့ လိုက်ပါလျက် ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများအပေါ် ပြန်လည်စိုက်ပျိုးထားရှိသော ဆောင်းသီးနှံများအား အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

က်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ငကောင်းကံ၊ မယ်ဇလီကုန်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားရှိသော ဆောင်းနေကြာ စိုက်ခင်းများအား ကြည့်ရှုကာ နေကြာမျိုးစေ့ထုတ် တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)