ရွှေစည်းခုံစေတီတော်ကြီးအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လုပ်ငန်း အစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအ‌စည်းအဝေးများအား Time Frame သတ်မှတ်၍ ဆောင်ရွက်

ညောင်ဦး ဇန်နဝါရီ ၈

နိုင်ငံတာ်အကြီးအကဲ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသို့လာရောက်ခဲ့သည့် ခရီးစဉ်များအတွင်း ရွှေစည်းခုံစေတီတော်ကြီးအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန် လမ်းညွှန်မှုအရ ဘက်စုံလွှမ်းခြုံသည့်လုပ်ငန်းအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအ‌‌စည်းအဝေးများအား Time Frame သတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေစည်းခုံတီတော်ဂေါပကရုံးအစည်းခန်းမ၌ ရွှေစည်းခုံစေတီတော် ပြုပြင်ထိန်းသိမ်း‌ရေးဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောလုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြား၍ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်အလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများတင်ပြခဲ့ကြသည်။ ဆက်လက်၍ ဇွန် ၁၁ ရက်နေ့တွင် Master Plan ရေးဆွဲရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရှင်များနှင့် ဌာနဆိုင်ရာအကြီးအမှူးတို့ဖြင့် ပဉ္စမအကြိမ်မြောက် (Master Plan)ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအ‌‌စည်းအဝေးပြုလုပ်ရာ၌ အခမ်းအနားပြင်ဆင်မှုများ၊ တည်းခိုနေရာချထားရေး၊ ဧည့်ခံ‌ကျွေးမွေးရေးနှင့် ပို့ဆောင်ရေးဆိုင်ရာများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိစေရေးပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း